Thursday, May 19, 2016

အချစ်ဆုံးသူငယ်ချင်းများနှင့်ပြန်လည်ဆုံတွေ့ခြင်း[19.5.2016]

19.5.2016

နောက်ဆုံးတော့ ၆ တန်းတုန်းက ၂၀၁၁-၂၀၁၂ ပညာသင်နှစ်
အ.လ.က(၅) ရန်ကင်း က အချစ်ဆုံးသူငယ်ချင်းတွေနဲ့ Facebook မှာပြန်ဆုံခွင့်ရခဲ့ပြီ😭😭😭
ပျော်လွန်းလို့မျက်ရည်တောင်ကျတယ် 😢
မင်းတို့တော့ဘယ်လိုလဲတော့မသိဘူး Naing Htet Aung Zin Maung Tun

ငါ့ကောင်မလေးဆီကအဖြေရတုန်းကတောင် ဒီလောက်မပျော်ဘူး :P
အပြင်မှာသာဆို တစ်ယောက်တစ်ချက်လောက်ဆွဲထိုးပစ်လိုက်ဦးမှာ 😂
ကျောင်းတုန်းကဆိုးအတူပေါင်းဘက် ဘယ်သွားသွားသုံးယောက်အတူသွားခဲ့ကြတယ် 😪
နှစ်ယောက်ထိုင်တဲ့ခုံကိုတောင် အရိုက်ခံပြီး သုံးယောက်ထိုင်ခဲ့ကြတာ အခုထိမမေ့သေးပါဘူးကွာ 😥
ကျောင်းသွားရင်မုန့်ဖိုးလည်းမရ နေ့ခင်းစားဖို့ထမင်းချိုင့်လည်းမပါတဲ့ငါ

မင်းတို့ထမင်းတွေနေ့တိုင်းစားခဲ့တာအခုထိပြန်စားချင်နေတုန်းပဲ 😰
ဘောလုံးကန်တိုင်းတစ်ဖက်တည်းအတူမကန်ရရင် ပွဲပျက်တာတွေလည်းငါမှတ်မိနေပါသေးတယ် 😥
တခါတလေစကားနိုင်လုရင်းရန်ဖြစ်ကြတယ် ပြီးရင်တစ်ယောက်နဲ့တစ်ယောက်ဖက်ပြီးငိုကြတာတွေကိုလည်း

ငါပြန်စဉ်းစားမိတိုင်း မခံစားနိုင်လောက်အောင် ငါနှိပ်စက်ခံနေရတယ်ကွာ 😥
အိမ်သာသွားရင်သုံးယောက်သားအတူသွားပြီး အိမ်သာထဲမှာကမြင်းကြောထခဲ့ကြတာကိုလည်း မေ့လို့မရနိုင်ဘူး 😜
အခုဒီညကျမှမထင်မှတ်ပဲမျောက်သုံးကောင်ပြန်ဆုံကြတော့ ငါသေပျော်ပါပြီကွာ 😢
တနေ့နေ့တော့အပြင်မှာတွေ့နိုင်အောင်ငါကြိုးစားရဦးမယ်။
ဘဝတွေသာကွာသွားလည်း ငါ့အချစ်ဆုံးသူငယ်ချင်းတွေကတော့ ဒီဘဝမင်းတို့ပဲဖြစ်နေဦးမှာပါ 😪
ငါ့ဘဝအတွက်အပျော်ဆုံးအချိန်တွေက မင်းတို့နဲ့အတူရှိခဲ့ဖူးတဲ့ ၆ တန်းအချိန်ဆိုတာ

ဘယ်လိုမှငြင်းဆန်လို့မရတဲ့အမှန်တရားတစ်ခုပါ
မင်းတို့ကိုငါအရမ်းလွမ်းတယ်ကွာ....

Zin Maung Tun



Naing Htet Aung

           



Khun Htun Win Hlaing


                                 

We Are Best Friends!!      

No comments:

Post a Comment